27.7.10

ဖြူစင်နှလုံး








ဘဝစခန်းမှာ
စမ်းတဝါးဝါးနဲ့
လမ်းမှားချင်မှားမယ်...

အောင်မြင်မှု ခရီးမှာ
ချွေးသီးချွေးပေါက်တွေနဲ့
ဒုက္ခရောက်ချင်ရောက်မယ်...

ဘဝနဲ့ အောင်မြင်မှုကြားမှာ
သင်္ခါရဆန်တဲ့ မညီမျှခြင်းတွေနဲ့
တစ်ဖက်စောင်းနင်း ဖြစ်ချင်ဖြစ်မယ်...

ဒါပေမယ့်...
ဘယ်ကိုရောက်ရောက်... ဘာပဲလုပ်လုပ်
အဖြူစင်ဆုံး ကိုယ်စီနှလုံးနဲ့
လူပီသရင် ...သင်သာလျှင် အမြတ်ဆုံး....

No comments:

Post a Comment

မင်္ဂလာပါခင်ဗျာ....