ဒီနေ့ မိုးတွေအုပ်နေတယ်...ကောင်းကင်က တိမ်တွေလဲ မဲနေတယ်...အခုလို ရာသီဥတုကို ငယ်ငယ်တုန်းက အရမ်းသဘောကျတယ်...
အမေချက်ထားတဲ့ ထမင်းပူလေးနဲ့ ငါးပြင်မ ကင်မွန်းချဉ်ရည်ဟင်းလေးကို မြိန်ရည်ရှက်ရည်စားပြီး မောင်နှမတတွေ အမေ့ဆီက ကျွန်တော့်
ကို ငါးကြီးကြီးလေးပေးပါလို့ ပူဆာခဲ့တဲ့ အဖြစ်လေးတွေက အခုအချိန်ထိ မမေ့နိုင်စရာလေးတွေဖြစ်နေတာပေါ့ဗျာ...အခုတော့ အဲ့ဒီဟင်းတွေနဲ့ ဝေးနေတာ ၈ နှစ်တောင်ရှိပြီဗျာ...
နွေးထွေးတဲ့ အမေ့ရဲ့ ရင်ခွင်နဲ့ လုံခြုံတဲ့ အဖေ့ရဲ့ ထိန်းသိမ်းမှုတွေမရနိုင်တော့တဲ့နောက် ကျွန်တော်တစ်ယောက်တည်းဖြတ်သန်းခဲ့တာဟာ အတော်တောင်ကြာခဲ့ပြီလား...ကျွန်တော်ထင်နေတာ... အမေ့ရဲ့ ရင်ခွင်ထဲက ကျွန်တော် မနေ့ကမှ ထွက်လာသလိုပဲဗျာ...တကယ်တော့
အနေဝေးပေမယ့် အမေ့ရဲ့ ရင်ငွေ့တွေက သားနားမှာ တငွေ့လည်လည်နဲ့ အမြဲထွေးပွေ့ထားသလို ခံစားနေရဆဲပါ အမေ...မိသားစုအတွက်
အဖေတစ်ယောက်တည်း ရှာကျွေးနေရတာ အဆင်ပြေပါစေလို့ သား အမြဲဆုတောင်းပေးနေပေမယ့် တကယ်တော့ သားမရှိတဲ့နောက် အဖေတစ်ယောက်တည်း ပင်ပန်းနေမယ်ဆိုတာ သား သိပါတယ်အဖေ...ဒါပေမယ့် သား ဘာမှမတတ်နိုင်ဘူးအဖေ...အိပ်ယာဝင်တိုင်း
သားကို ဖက်ပြီး အိပ်တတ်တဲ့ အဖေ...အခုတော့ လွမ်းနေပြီလား အဖေ...သားလဲ လွမ်းနေပါတယ် အဖေ...သား တာဝန်တွေပြီးတဲ့ တစ်နေ့ အိမ်ကို အပြေးပြန်လာခဲ့ပါမယ် အဖေ...အဲ့ဒီအချိန်ကျရင် အခုသားအသက် ၂၃ နှစ် ရှိပြီဆိုပေမယ့် အရင်ကအတိုင်း အမေ့ရဲ့ ရင်ခွင်ထဲမှာအိပ်စက်ရင်း အဖေနှုတ်ဖျားက ချိုသားတဲ့ တေးလေးတွေဆို၊ပုံပြင်လေးတွေ ပြောပြပြီး ချော့သိမ့်ပေးဦးမှာလား အဖေ...

No comments:
Post a Comment
မင်္ဂလာပါခင်ဗျာ....