ပူတယ်လေ ဆယ်နွေကဲ သားလှရွှေသွေး
ငါ့သားလေး ကြီးလာပ ကောင်းစားဖို့အရေး
နွေတပေါင်းအပူရှိန်ကို တွန်းလှန်လို့ ရှာကျွေး...
စက်ဘီးစီးကာတဖုံ ကိုယ်ပူကာဖျားခဲ့ရင်
အစုံစုံသောနည်းလမ်းတွေနဲ့ အဖေ့ရင်မှာမီးတွေတောက်
လုံးပန်းကာ သားလေးအတွက် ထွေးပွေ့ကာ လမ်းလျှောက်ရင်းနဲ့
ဝမ်းစာရှာခဲ့ရတဲ့အဖေ...ညလုံးပေါက်ချော့သိပ်ခဲ့ရတဲ့ အဖေ...
တူးမြောင်းအကြိုအကြားနဲ့
တောင်ပြာတွေ တနံတလျားပေါ်မှာ
အဖေငယ်စဉ်ကတည်းက နေ့ရောညပါတာဝန်ပိ
မိဘအရင်ဆုံးပါးခဲ့လို့ မိသားစုဘဝမပျက်စေရေး
ကိုယ်ချင်းစာတရားစိတ်နဲ့ မျှော်တွေးကာမားမားရပ်လို့
သားလေးကို အစားထိုး
တိုင်းပြည်အတွက် ခြေတစ်ဖက်စွန့်ခဲ့ရတဲ့ အဖေ...ချစ်အားပို မြတ်နိုးရတဲ့ အဖေ...
လျှိုမြောင်အထပ်ထပ် အဖေ့ဘဝလွန်ပင်ပန်း
ဝိုင်းရံဆီးကာတဲ့ စိတ်ရောကိုယ်ပါနွမ်းခဲ့ငြားပေမယ့်
ခမ်းနားတဲ့လူ့ဘုံအလယ်မှာ ငါ့သားလေးတင့်တယ်ဖို့အရေး
ချောင်းပိတ်ကာတမံတား
မိသားစုခါးလှစေဖို့အတွက် သက်စွန့်ကာကြိုးစားရင်းနဲ့
ငယ်စဉ်အခါ ခုနစ်တန်းဘဝမှာ
ငှက်ဖျားရောဂါစွဲကပ် အသက်ဆုံးရှုံးမတတ်ဖြစ်ခဲ့ရတဲ့ အဖေ...အမြဲထွန်းလင်းတောက်ပနေမယ့် အဖေ...
No comments:
Post a Comment
မင်္ဂလာပါခင်ဗျာ....