8.8.10

မေမေ့အတွက် သားလေးလက်ဆောင်...

အမေ...
သား ဒုက္ခမျိုးစုံကို ကြုံဆုံရတိုင်း
အေးမြတဲ့ အမေ့ရင်ခွင်ကိုပဲ တမ်းတမိပါတယ်အမေ...

ဒါပေမယ့် အမေမွေးတဲ့သား အမေ့သားမှာ
ချယ်ရီတွေဝေ တောင်ပေါ်လေတိုက်အခတ်မှာ
အမေ့ မျက်နှာကို စိတ်ဝယ်မှန်းပြီး အပန်းဖြေဆဲပါ အမေ...

ရာသီတွေဟောင်း အခြေအနေတွေပြောင်းသလို
အမေနဲ့ဝေး အမေ့သားလေးမှာလည်း
ချယ်ရီတောင်ပေါ် ပန်းမြို့တော်မှာ ပျော်တတ်နေပါပြီ အမေ...

ရာသီတွေပြောင်း အခြေအနေတွေပြောင်းပေမယ့်
မပြောင်းလဲတဲ့ အရာတစ်ခုတော့ရှိတယ် အမေ...

အဲ့ဒါကတော့...

သားသိပ်ချစ်ရတဲ့ အတုမရှိတဲ့ အမေ့ရဲ့ရင်ခွင်ပါပဲ အမေ...
သားအတွက် အသက်သွေးတွေပေးဆပ်
မေတ္တာနဲ့ ဂရုဏာရှေ့ထားပြီးမွေးခဲ့တဲ့ အမေ့အတွက်

အမေဟာ သားဘဝ
အမေဟာ သားအသက်
သားအမေ ဒီတစ်သက်
သားရှိသရွေ့ အစဉ်မပြတ်...အသက်ပေးစောင့်ရှောက်လျက်ပါ အမေ...

စစ်တက္ကသိုလ်မဂ္ဂဇင်းမှ ကိုးကားသည်
(တတိယနှစ်ဗိုလ်လောင်းဘဝမှ အမှတ်တရကဗျာ)

No comments:

Post a Comment

မင်္ဂလာပါခင်ဗျာ....