13.9.10

ဖြူစင်နှလုံး

ဘဝစခန်းမှာ
စမ်းတဝါးဝါးနဲ့
လမ်းမှားချင် မှားမယ်.....

အောင်မြင်မှု ခရီးမှာ
ချွေးသီးချွေးပေါက်တွေနဲ့
ဒုက္ခရောက်ချင် ရောက်မယ်....

ဘဝနဲ့ အောင်မြင်မှုကြားမှာ
သင်္ခါရဆန်တဲ့ မညီမျှခြင်းတွေနဲ့
တစ်ဖက်စောင်းနင်း ဖြစ်ချင်ဖြစ်မယ်....

ဒါပေမယ့်
ဘယ်ကိုရောက်ရောက်...ဘာပဲလုပ်လုပ်
အဖြူစင်ဆုံး ကိုယ်စီနှလုံးနဲ့
လူပီသရင်...သင်သာလျှင် အမြတ်ဆုံး....။

No comments:

Post a Comment

မင်္ဂလာပါခင်ဗျာ....