12.10.10

ဘာညာဘာညာ

သူငယ်ချင်း...ငါတို့ တစ်နေ့ ပျော်ရွှင်စွာတွေနဲ့ ဆုံကြမယ်နော်....

ဒီနေ့ ကိုယ် မင်းကို တွေ့ရတော့ အရမ်း ပျော်တယ်....

ကိုယ် မင်းနဲ့ ဖုန်းပြောနေတဲ့ အချိန် ကိုယ် အချိန်တွေကို မေ့နေခဲ့တယ်...

ကိုယ် မင်းအသံကို ကြားရတော့ ပတ်ဝန်းကျင်ကိုမေ့နေခဲ့တယ်...

ကိုယ် မင်းပြုံးတာကို မမြင်ရပေမယ့် မင်းပြုံးလိုက်တဲ့ အသံကို ကြားတိုင်း ကိုယ် ဟိုး အရင် ငယ်ဘဝက မင်း ပြုံးတဲ့ ပုံလေးကို ပြန်မြင်ယောင်မိတယ်...

ကိုယ် ဖုန်းပြောနေတုန်း မင်းကို မမြင်ရပေမယ့် မင်းနဲ့ စကားပြောနေတဲ့အချိန် ကိုယ်နှလုံးသားဟာ အရိပ်လေးလို မင်းအနားမှာပဲ အမြဲရှိနေခဲ့တယ်....

No comments:

Post a Comment

မင်္ဂလာပါခင်ဗျာ....