16.10.10

ပင်အိုရွက်ရဲ့ ဒိုင်ယာရီ


ချစ်သူ....
            ကိုယ်အခု ရင်သက်ရှုမောဖွယ် မြင်းကွင်းတစ်ခု မြင်နေရတယ်

            အသားဖြူ၂ ကျောင်းသားတွေကြားထဲမှာ

            ကိုယ်က အသားဝါ ကျောင်းသားတစ်ယောက်

            မိခင်ဘာသားစကားလို နားမလည်နိုင်တဲ့ ဘာသာစကားနဲ့ သင်ကြားနေတဲ့ ဆရာတစ်ယောက်ရယ်...

ကို အခု စာသင်ခန်းမှာ ထိုင်နေတယ်

ထိုင်နေပေမယ့် ကို မင်းကိုပဲ မြင်ယောင်နေတယ်

တကယ်တော့ အတန်းထဲက ချောလှတဲ့ ရုရှားမလေးတွေရဲ့  အလှတရား

ချစ်သူကို ခြေဖျားတောင် မမှီပါဘူး...
 
             လွမ်းလွန်းလို့ ခေါင်းလေး ညာဖက်အလှည့်

             ကိုယ်ပြောခဲတဲ့ မြင်ကွင်း

             ကမ္ဘာကျော် ပန်းချီကားတောင် မမှီနိုင်တဲ့ သဘာဝ ပန်းချီကားတစ်ချပ်

             ကို ကြည့်နေတဲ့ ပြတင်းပေါက်ကနေ ရှင်သန်လှုပ်ရှားနေတယ်...

အိုဟောင်းနေပြီဖြစ်တဲ့ ကမ္ဘာကြီးနဲ့ အပြိုင် အိုဟောင်းနေတဲ့ ခေါင်မိုး

သူ့နားမှာ နွေဒဏ်၊မိုးဒဏ်၊ဆောင်းဒဏ် ကို ကြံ့ကြံ့ခံတွန်းလှန်ရင်း

အခုလဲ သဘာဝရဲ့ တိုက်ခတ်မှုကြောင့်

သူ့ခန္ဓာကိုယ်မှာ ဆင်မြန်းထားတဲ့ ရွက်လှလေးတွေ အဝါရင့်ရောင် သန်းနေခဲ့ပြီ....
ူ
              နူးညံ့တဲ့ ဆောင်းဦးလေလေး တစ်ချက်အဝှေ့  
              
              လွမ်းလွန်းလို့ ကြွေလုဆဲဆဲ ကိုယ့်နှလုံးသားလေးလို

              ရွက်ဝါလေးတွေကလဲ ယိုးတိုးယိမ်းယိုင်...

မင်းအလှတရားအောက်မှာ ကြွေကျခဲ့တဲ့ ကိုယ့်နှလုံးသားလိုပဲ

သစ်အိုပင်အောက်မှာလဲ ကြွေနှင့်ပြီး ရွက်ဝါတွေကအပြည့်...

ချစ်သူရေ....မင်းကို ကို သိပ်လွမ်းတယ်...

                 'လွမ်း'တယ်ဆိုတဲ့ စာလေးစအရေး
                 
                  ရွက်ဝါလေးတစ်ရွက် လေဟုန်စီးပြီး တိတ်တဆိတ် ခုန်ဆင်းသွားတယ်
      
                   ဘာကြောင့် ကြွေတာလဲ...ကို မေးတော့

                   ကိုယ့် နှလုံးသား တုန်ခါတဲ့ လှိုင်းတွေကြောင့်တဲ့......

ကို...အရမ်းဝမ်းနဲသွားတယ်

ကိုယ့်ကြောင့် အရာအားလုံးကို ပျော်ရွှင်စွာပဲ ရှင်သန်စေချင်တယ်...

အခုတော့...သစ်ရွက်လေးတစ်ရွက်ကို ဆုံးရှုံးလိုက်ရပြီ...

 ဝမ်းနဲစရာတွေရဲ့ အဆုံးမှာ ပျော်ရွှင်စရာတွေရှိတယ်လို့လဲ သစ်ရွက်လေးက ပြောသွားခဲ့သေးတယ်...

                       သစ်အိုပင်ကြီးက ကိုယ့်ခံစားချက်တွေကို ကြည့်ပြီး တိတ်ဆိတ်နေတယ်
 
                       ဘာလို့လဲဆိုတာ ကို သိတယ်...
  
                        ကို ချစ်သူနဲ့ ဝေးလို့ လွမ်းနေရပေမယ့် တစ်နေ့ ပြန်ဆုံကြမှာလေ...

သစ်အိုပင်ကြီးကတော့ သူ့နှလုံးသားအိမ်အိုလေးကနေ ထွက်ခွါသွားတဲ့ 

သစ်ရွက်အိုလေးတွေကို ပြန်မရနိုင်သလို 

အသစ်သစ်တွေကိုလဲ ဆုံးရှုံးရဦးမှာဆိုတော့ .... ကြေကွဲနေရှာတာပေါ့.....


ဒါပေမယ့်....

                ကိုယ့်ရဲ့ နှလုံးသား သစ်အိုပင်လေးက အချစ်သစ်ရွက်လေးတွေကတော့ 
      
                ချစ်သူနဲ့ ပြန်ဆုံမယ့် ရက်တွေကို စောင့်စားရင်း...

                 ချစ်သူအတွက် အမြဲတမ်း ရှင်သန်နေလျက်ပါ... 
                           



No comments:

Post a Comment

မင်္ဂလာပါခင်ဗျာ....