26.12.10

သူငယ်ချင်း…ဂျူးးးသို့

သူငယ်ချင်း… အခု သူငယ်ချင်းကတော့ ပျော်နေမှာပဲနော်…ကျွန်တော့်အနေနဲ့ မပျော်ပေမယ့် သူငယ်ချင်းသာပျော်နေမယ်ဆို အခုလိုတစ်သက်လုံးဝမ်းနည်းနေရလဲ ကျေနပ်ပါတယ်…

သူငယ်ချင်း…အရင်ကတော့ ဘဝကြီးမှာ အသက်ရှင်နေထိုင်ရတာ အရမ်းကိုအဓိပ္ပါယ်ရှိတယ်…အခုတော့ ကျွန်တော့်အတွက် ဘဝဆိုတာ ဘာမျှော်လင့်ချက်မှမရှိတဲ့ လေလွင့်နေတဲ့ အမှိုက်တစ်စလိုဖြစ်နေပြီ…

သူငယ်ချင်း…ကျွန်တော့်မှာ နားတွေမျက်လုံးတွေရှိနေပေမယ့် အခုတော့ အားလုံး စွန့်အနားမကြားဖြစ်နေပြီ…ကုစရာဆေးလဲ မရှိသလို ကုသနိုင်မယ့်သူဟာလဲ ဒီကမ္ဘာမှာ တစ်ယောက်တည်းပဲရှိတယ်..

ဒါပေမယ့်…အခုတော့ ရောဂါက ကျွမ်းနေပါပြီ… ဆေးလဲမမှီနိုင်လောက်တော့ဘူးထင်တယ်…ဒါပေမယ့် အရမ်းခင်ရတဲ့ သူငယ်ချင်းကိုတော့ ရင်ထဲက နှလုံးသားမျက်လုံးနဲ့ ကြည့်နေလို့ အမြဲတမ်း မြင်နေရတယ်...

သူငယ်ချင်း…လမ်းခရီးတစ်ခုကို လျှောက်လှမ်းမယ်လို့ ဆုံးဖြတ်ထားရင် ကြမ်းတမ်းသည်ပဲဖြစ်ဖြစ်…

ခက်ခဲသည်ပဲဖြစ်ဖြစ် မတွေဝေပဲ လျှောက်လှမ်းရမယ်တဲ့…သူငယ်ချင်းကိုလဲ အဲ့ဒီအတိုင်းပဲ ဖြစ်စေချင်တယ်…

ကျွန်တော်ပြောနေတဲ့ စကားသံတွေကို သူငယ်ချင်းတစ်ယောက် ချက်ချင်းမကြားနိုင်ပေမယ့် အိမ်မက်ထဲကပဲဖြစ်ဖြစ် သူငယ်ချင်းကြားနိုင်မယ်ဆိုရင်တောင် ကျေနပ်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်…

သူငယ်ချင်း … အခုဘဝမှာ ကံမပါလို့ မဆုံဆည်းခဲ့ပေမယ့် လွတ်လပ်စွာ ဆုတောင်းခွင့်ရှိတဲ့ လူသားတို့ရဲ့ အခွင်းရေးလေးရှိနေသရွေ့ ဘဝဆက်တိုင်းဆက်တိုင်း သူငယ်ချင်းနဲ့ အချိန်အကြာကြီး ပျော်ရွှင်စွာနဲ့ ဆုံဆည်းချင်တယ်…သူငယ်ချင်း…

မဆုံနိုင်ပေမယ့် တုန်ခါနေတဲ့ ဒီအသဲမှာ

မယုံနိုင်စရာ စကားတွေ ကြားနေပေမယ့်

နုံချာတဲ့ ဒီကံကြမ္မာကြောင့်

တစ်ယောက်တည်း ဆွေး/ဝေးနေဆဲပါ သူငယ်ချင်း….

 

စောလေပြေ

No comments:

Post a Comment

မင်္ဂလာပါခင်ဗျာ....